Hello World: Adf.ly ခံထားတဲ့လင့်တွေကို အလွယ်တတကူ ဒေါင်းယူနည်း

Friday, February 20, 2015

Adf.ly ခံထားတဲ့လင့်တွေကို အလွယ်တတကူ ဒေါင်းယူနည်း

'အင်တာနက်သုံးသူတိုင်းဖတ်စေချင်ပါတယ်'
-----------------------------------------------------------------------------------------------------------------------------------------------------------------

   ကျွန်တော်တို့တတွေ အင်တာနက်မှာ သီချင်းတွေ ဆော့ဝဲတွေ Apk တွေနေ့စဉ်ဒေါင်းယူနေကြတယ်။
ဖိုင်တွေတင်တဲ့သူတွေလည်း Dropbox တို့ Pcloud တို့ Mediafire စတဲ့ Free Hosting တွေနဲ့တင်ကြပါတယ်။
ပြီးတော့လင့်တွေပြန်ချပေးကြပါတယ်။ဒီတိုင်းလင့်ပြန်ချပေးတော့ ဒေါင်းယူတဲ့သူတွေကအလွယ်တကူဒေါင်းယူနိုင်ကြပါတယ်။
ခုကျွန်တော်ပြောပြမှာက adf.ly ခံပြီးတင်တဲ့ဖိုင်တွေကို ဒေါင်းယူနည်းပါ။
adf.ly ခံထားတဲ့လင့်တွေက ဒေါင်းရတာ ခက်လို့လည်း မဟုတ်ပါဘူး။တော်တော်များများဒေါင်းတတ်ကြပါတယ်။
ဒါပေမယ့် ခုမှအင်တာနက်စသုံးတဲ့သူတွေအတွက်တော့ အခက်ခဲရှိပါတယ်။
ဒါကလည်း ခုမှအစမို့ မသိကြသေးတာပါ။
ကျွန်တော် အင်တာနက်စသုံးတုန်းကလည်း ဒီလိုပါပဲ မဒေါင်းတတ်ဘူး။
adf.ly ဆိုတာက ကြော်ငြာတစ်မျိုးပါ။
ဖိုင်တင်တဲ့သူတွေက adf.ly ခံပြီးတင်ရင် လာဒေါင်းတဲ့သူတွေက အဲ့ကြော်ငြာလင့်ကို နှိပ်ရင်
ဖိုင်တင်တဲ့သူက ပိုက်ဆံရတယ်ဗျ။အများကြီးလားဆိုတော့ မဟုတ်ပါဘူး။
မဖြစ်စလောက်လေးပါ။ဒါပေမယ့် လာဒေါင်းကြတဲ့သူတွေအပေါ်လည်း မူတည်ပါတယ် လာဒေါင်းတဲ့သူများရင် များသလို ပိုက်ဆံရတာပေါ့။အင်တာနက်ဖိုးလေး ကာမိလေမလား ဆိုတဲ့အတွေးနဲ့ပေါ့။ကျွန်တော်တင်သမျှတွေ adf.ly ခံထားတယ်ဗျ။
ကျွန်တော်တစ်ယောက်တည်းလား ဆိုတော့မဟုတ်ပါဘူး။
တော်တော်များသုံးကြပါတယ်။အောက်မှာ ဘယ်လိုဒေါင်းရမလဲဆိုတာပုံနဲ့ပြပေးထားပါတယ်။
မခက်ပါဘူး ၆စက္ကန့်လောက်ပဲ ကြည့်ပေးရတာပါ။
ပြီးရင် skip ad နှိပ်လိုက်ရင် ဒေါင်းဖို့ဆိုဒ်ကိုရောက်ပါပြီ။
ကိုယ်ဒေါင်းချင်တာဒေါင်းလို့ရပါပြီ။
















အားလုံးအဆင်ပြေနိုင်ကြပါစေ

★ Page ★

==========
ပအိုဝ်း IT လူငယ်များ


★ Blog ★
==========
ပအိုဝ်း IT လူငယ်များ

PaOh Dragon App

★ Groups ★
============
Myanmar Unicode Area

Myanmar PaOh Unicode Area

ပအိုဝ်း IT လူငယ်များ

 အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ  

                                     ပအိုဝ်း ITလူငယ်များ

No comments:

Post a Comment