Hello World: MtkDroid Tool နဲ့ IMEI Null သွားသော MTK သုံးဖုန်းများကို IMEI ပြန်ရေးနည်း

Sunday, July 12, 2015

MtkDroid Tool နဲ့ IMEI Null သွားသော MTK သုံးဖုန်းများကို IMEI ပြန်ရေးနည်း


   IMEI Null သွားသော MTK ဖုန်းများ IMEI ပြန်ရေးနည်းလေးတင်ပေးလိုက်ပါတယ်။
ဖုန်းကိုတော့ Root ဖောက်ထားဖို့လိုပါတယ်။
MTK ဖုန်းများဆိုတာ Flash Tool သုံးပြီး Firmware တင်ရသောဖုန်းများအားလုံးကိုဆိုပါသည်။
MTK သုံးကြတဲ့ Android ဖုန်းတော်တော်များများရှိပါတယ်။
i-Mobile,Lava iris,Lenovo,Coolpad နဲ့တခြားဖုန်းတော်တော်များများ MTK သုံးဖုန်းတွေဖြစ်ကြပါတယ်။
MTK Device ဆိုတာဘာလဲမသိသေးရင် ဒီမှာ သွားကြည့်ပါ။
(မိမိဖုန်းက MTK ဖုန်းဟုတ်မဟုတ်စစ်နည်းလည်းရေးထားပါတယ်။)
ဒီ MtkDroid Tool က MTK ဖုန်းတွေမှာပဲအလုပ်လုပ်တာပါ။
အဲ့ဒါကြောင့် MTK ဖုန်းမဟုတ်ရင် ခုပြောမယ့်နည်းကို အသုံးချလို့ရမည် မဟုတ်ပါ။

ဖုန်းဟာ Root ဖောက်ပြီးသားဖြစ်ရပါမယ်။
ကွန်ပျူတာမှာ MTK ဖုန်းတွေအတွက် USB Driver သွင်းထားရပါမယ်။
မသွင်းရသေးရင် ဒီမှာ သွားဒေါင်းပြီးသွင်းလိုက်ပါ။
MtkDroid Tool ကိုပေးထားတဲ့လင့်ကနေ သွားဒေါင်းပါ။

MtkDroid Tool >>><<< Download
 
ကဲ.... စလိုက်ရအောင် ကျွန်တော်အောက်မှာ iris 405+ စမ်းသပ်ပြထားပါတယ်။
                    ဖုန်းမှာ USB Debugging Mode ကိုလည်း On ထားပေးဖို့လိုပါတယ်။
ပုံမှန်အားဖြင့် 4.2.2 အထက်တွေဆိုရင်တော့
 Setting > Developer Options > USB Debugging ကို On ပေးလိုက်ပါ OK ဆိုရင် ရပါပြီ။
Setting ထဲမှာ Developer Options ကိုမတွေ့ရင်
Setting > About Device ကိုဝင်ပြီး Build Number ကို လေးငါးချက်လောက် ခပ်မြန်မြန်ခေါက်ပေးလိုက်ပါ။

 Back Key တစ်ချက်နှိပ်ပြီးပြန်ထွက်လိုက်ပြီး Developer Options ကိုဝင်ပါ။
အောက်ကပုံအတိုင်း USB Debugging ကို အမှန်ခြစ်တပ်ပေးလိုက်ပါ။
 


အားလုံးပြီးရင် ဖုန်းကိုဘက်ထရီဖြုတ်ပါ ဘက်ထရီအောက်မှာ အောက်ကပုံလို့ IMEI နံပါတ်တွေရှိပါတယ်။
မိမိဖုန်းက Sim ကဒ်တစ်ခုတည်းဆိုရင်တစ်ခုပဲရှိပြီး နှစ်ခုရှိရင်တော့
ပုံထဲကလို IMEI 1 နဲ့ IMEI 2 ဆိုပြီးနှစ်ခုရှိမှာပါ။
အဲ့နံပါတ်တွေကိုသေချာကြည့်ပြီး မှတ်ထားပါ သို့မဟုတ် NotePad မှာရိုက်ထားပါ။

ပြီးရင်ဖုန်းကို ဘက်ထရီတပ်ပြီးဖွင့်လိုက်ပါ။
ကွန်ပျူတာမှာ MtkDroidTool ကိုဖွင့်လိုက်ပါ။


ဖုန်းမှာအောက်ကပုံလိုပြလာရင် ပုံထဲကလိုအမှန်ခြစ်ပြီး OK ပေးလိုက်ပါ။


MtkDroidTool ကဖုန်းကိုသိပြီဆိုရင်အောက်ကပုံလို အဝါရောင်လေးသန်လာပါလိမ့်မယ်။
ကွန်ပျူတာက MTKDroidTool မှာအပြာရောင်ဝိုင်ပြထားသလို အဝါရောင်ဖြစ်နေတုန်းပါ။
ပြီးရင်အောက်ကပုံလို အနီရောင်ဝိုင်းပြထားတဲ့ Root ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။


အောက်ကပုံလိုပြလာရင် YES ကိုနှိပ်ပါ။
ဖုန်းမှာ Root Permission တောင်းလာပါလိမ့်မယ်။
Grant Or Allow ပေးလိုက်ပါ။
ပြီးရင်ခနစောင့်လိုက်ပါ။

အစိမ်းရောင်သန်းသွားရင် Ok ပါပြီ IMEI/NVRAM ခလုတ်ကိုနှိပ်လိုက်ပါ။


အောက်ကပုံလို IMEI 1 နဲ့ IMEI 2 ဆို့တဲ့ Box ထဲကို
စောနက မှတ်ခိုင်းထားတဲ့ IMEI နံပါတ်တွေရိုက်ထည့်ပါ။
ဖုန်းက Sim ကဒ်နှစ်ခုဆိုရင် IMEI 1 နဲ့ IMEI 2 သူ့နေရာနဲ့သူရိုက်ထည့်ပေးပါ။
Sim ကဒ်ကတစ်ခုတည်းဆိုရင်တော့ IMEI 1 မှာရိုက်ထည့်ပါ။


အောက်ပုံလိုရိုက်ထည့်ပြီးသွားရင် Replace IMEI ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။
နောက်ထပ် Box တစ်ခုထပ်တက်လာရင် YES ကိုနှိပ်ပေးလိုက်ပါ။


ပြီးရင်ဖုန်းကို Restart သို့မဟုတ် ပိတ်ပေးပြီး ပြန်ဖွင့်လိုက်ပါ။
ပြီးရင်ဖုန်းဆက်တဲ့ခလုတ်ကနေ *#06# ရိုက်ကြည့်လိုက်ပါ။
စောစောက သွင်းထားတဲ့ IMEI တက်လာတာ တွေ့ရပါမယ်။
OK ပြီးပါပြီဗျာ...
ဒီ MtkDroid Tools က MTK ဖုန်းတွေအတွက် မရှိမဖြစ် Tool တစ်ခုဖြစ်ပါတယ်။
IMEI တွေ အပြင်တစ်ခြာ Firmware ဆွဲထုတ်တာ IMEI ဆွဲထုတ်တာတွေပါလုပ်ဆောင်နိုင်ပါတယ်။


ပအိုဝ်း IT လူငယ်များ

 



ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင်သမျှကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
 
 
 
Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ 

နှင့် 

Myanmar PaOh Unicode Area  ကို Join ထားလိုက်ပါ။

1 comment:

  1. အလုပ်​ဖြစ်​တယ်​အကိုေ​ကျးဇူးလည်းအရမ်းတင်ပါတယ်​အကို

    ReplyDelete