Hello World: SP Flash Tool v5.1 အသုံးပြု ပြီး MTK ဖုန်းများ Firmware တင်နည်း

Sunday, April 12, 2015

SP Flash Tool v5.1 အသုံးပြု ပြီး MTK ဖုန်းများ Firmware တင်နည်း

        SP Flash Tool အသုံးပြုပြီး Firmware တင်နည်းကတော့ တော်တော်များများ သိကြတတ်ကြပါတယ်။
ဒါပေမယ့်ကျွန်တော်က ခုမှစလေ့လာနေသူတွေအတွက်ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။
ပြီးတော့ ခု SP Flash Tool ကနောက်ဆုံးဗားရှင်းလေးပါ။တင်နည်းကတော့ အရင်ဗားရှင်းတွေနဲ့ အတူတူပါပဲ။
သူရဲ့ဒီဇိုင်းပုံစံလေးကတော့ နည်းနည်းပြောင်းသွားပါတယ်။
SP Flash Tool v5.1 နောက်ဆုံးဗားရှင်း မရှိသေးသူများအောက်မှာ ဒေါင်းကြပါနော်

SP Flash Tool v5.1 ဒေါင်းရန်

Firmware ဖိုင်ဒေါင်းရင် Flash Tool,Driver တွေအကုန်ပါပါတယ်။
ဒေါင်းလို့ရလာတဲ့ Firmware ဖိုင်ကို zip ဖြည်လိုက်ပါ။
Driver သွင်းထားပြီးပြီဆိုရင် ထပ်သွင်းရန်မလိုပါ။
မသွင်းရသေးရင် Driver ဆိုတဲ့ဖိုဒါကိုဖွင့်ပြီး Driver ကိုအရင် Run လိုက်ပါ။
Run ပြီးရင် SP Flash Tool ဖိုဒါကိုဖွင့်လိုက်ပါ။
ပြီးရင်အောက်ကပုံအတိုင်း Flash_Tool.exe ကိုဖွင့်လိုက်ပါ။


ပြီးရင် Scatter-Loading ကိုနှိပ်လိုက်ပါ။


ပြီးရင်မိမိ zip ဖိုင်ဖြည်ထားပြီးသား Firmware သိမ်းထားတဲ့နေရာကိုသွားပါ။
ပြီးရင် Firmware ဖိုဒါကိုဖွင့်လိုက်ပါ။
ပြီးရင် MT(နံပါတ်တွေကတော့ Firmware အပေါ်မူတည်မတူပါ) ကိုရွေးလိုက်ပါ။


ပြီးရင်ဖုန်းကိုဘက်ထရီဖြုတ်လိုက်ပါ။ပြီးရင် USB ကြိုးသုံးပြီး ကွန်ပျူ တာနဲ့ဖုန်းကိုချိတ်ဆက်လိုက်ပါ။
(ဘက်ထရီပြန်တပ်ရန်မလိုပါ)
ပြီးရင် ကွန်ပျူ တာကဖုန်းကိုသိပြီဆိုရင် အောက်ကပုံအတိုင်း Download ခလုတ်ကိုနှိပ်လိုက်ပါ။


ပြီးရင်အောက်ကပုံအတိုင်းရာခိုင်နှုန်းတက်လာပါလိမ့်မယ်။
100% ပြည့်အောင်စောင့်ရပါမယ်။


100% ပြည့်ရင်အောက်ကပုံစံအတိုင်းပေါ်လာရင် Firmware တင်လို့အောင်မြင်ပါပြီ။


USB ကြိုးကိုဖြုတ်ပြီး ဖုန်းကိုဘက်ထရီပြန်တပ်လိုက်ပါ။
Power ဖွင့်လိုက်ပါ။Boot တက်နည်းနည်းကြာပါတယ်။စောင့်ပေးလိုက်ပါ။
အားလုံးအဆင်ပြေပါပြီ :>
အဆင်မပြေတာများရှိရင် Facebook မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
အဆင်ပြေပါစေ

ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင််သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......https://play.google.com/store/apps/details?id=com.paoh.it.youth
နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ Myanmar Unicode Area နှင့် Myanmar PaOh Unicode Area ကို Join ထားလိုက်ပါ။

No comments:

Post a Comment