Hello World: ......MB ဆိုတာဘာလဲ....

Thursday, February 5, 2015

......MB ဆိုတာဘာလဲ....






                                                             မှတ်ချက်။    ။သည်ဆောင်းပါးသည် နည်းပညာမှာ ကျွမ်းကျင်သောသူများနှင့် နိုင်ငံခြားနေသောသူများအတွက်ရေးသားခြင်းမဟုတ်။ခုမှ ဖုန်းကဒ်တစ်ကဒ် ၁၅၀၀ နဲ့ ရသော မြန်မာနိုင်ငံတွင်နေသော ကျနောတို့လို တောသားများတွက် ရေးထားခြင်းဖြစ်ပါသည်။mb ဆိုတာ ဘာလဲလို့ ခနခနမေးခံရသောကြောင့် သိသလောက်လေးရေးလိုက်ခြင်းလည်းဖစ်ပါသည်။ထိုကြောင့်သင့်အနေဖြစ် မလိုအပ်ပါက အချိန်ကုန်ခံမဖတ်ပါနှင့်။……
           မြန်မာနိုင်ငံမှာ data unit နဲ့ ကျသလောက်ကောက်တဲ့ operators  တွေပေါ် လာပြီးဆိုတော့ အရင်က ကျွန်တော်တို့ရဲ့ အ၀ိုင်းလည်သိုင်းဆရာကြီး MPT ရဲ့ အချိန်ပိုင်းလိုက်ကောက်ခံတဲ့ စနစ်နဲ့ အသားကျလာတဲ့ ကျွန်တော်တို့ဟာ 1mb သုံးရင် ၆ကျပ်/၁၀ကျပ် ကျမယ်ဆိုတဲ့ operators သစ်တွေရဲ့ ကောက်ခံနည်းအသစ်မှာ 1mb ဆိုတာဘာလဲတဲ့….?.....ရူး…..တိုးတိုးလေးမေးပါဗျာ။အခြားနိုင်က  ကလေးတွေကြားရင် ဟာသဖြစ်နေပါ့မယ်။ဒီအရွယ်ရောက်တဲ့အထိ ဒီ 1mb ဆိုတာကြီးကို မသိတာကလည်း မိတ်ဆွေတို့ကျူပ်တို့ အပြစ်မဟုတ်ပါဘူး။နည်းပညာ တိုးတက်တက်ပြီး သတင်းတွေပေါက်ကြားသွားမှာ စိုးလို့ဖုန်းကဒ်၁ကဒ်ကို ၁၅သိန်း/သိန်း၂၀ လောက်ဈေးတင်ထားတဲ့ အစိုးရခေတ်မှာ အင်တာနက်ဆိုပိုဝေးပေါ့ဗျာ။ooh…no..no.. နိုင်ငံရေးတွေပါလာကုန်ပြီး….သံသရာရှည်တယ်။ကျွန်တော်တို့ 1mb အကြောင်းဘဲ ဆက်ပြောကြတာပေါ့။Telenor နဲ့ အင်တာနက်သုံးတာ တစ်မိနစ်တောင်မရှိသေးဘူး တစ်ရာကျော် ဖြတ်သွားတယ်။ပြောတော့ 1mb ၆ကျပ် တဲ့ဗျာ လုပ်ပါဦး။1mb ကဘာကိုပြောတာလဲ???...ဒီလိုမေးခွန်းတွေ မိတ်ဆွေ မြန်မာနိုင်ငံမှာ နေမယ်ဆိုရင် ကြားဖူးမှာပါ။2015 ရဲ့ Top Ten question မှာတောင်ထည့်လို့ရတယ်။okလေ အမေးရှိရင် အဖြေရှိမှာပါ။data ကို မြန်မာတိုက်ရိုက်ဘာသာပြန်ရင် အချက်အလက်လို့ အဓိပါယ်ရတယ်။data(အချက်အလက်)ကို ဥပမာအနေနဲ့ ပြမယ်ဆို ကျွန်တော်တို့ငယ်ငယ်က ဆော့တဲ့အိမ်ဆောက်တဲ့ခါသုံးတဲ့ ရောင်စုံကော်အပိုင်းအစ လေးတွေနဲ့တူတယ်။ ကျွန်တော်တို့ဟာ ကစားစရာအိမ်ပုံဆောက်တုန်းက ကော်အပိုင်းအစလေးတွေကို သုံးခဲ့သလို ခုအင်တာနက်မှာလည်း ဘာဘဲလုပ်လုပ် data (အချက်အလက်)တွေကို သုံးရပါတယ်။ကျွန်တော်တို့ ငယ်ငယ်တုန်းက ကော်အပိုင်းအစလေးတွေကို ကိုယ့်လုပ်တဲ့ပုံပေါ်မူတည်ပြီး အနည်းအများမတူညီခဲ့သလို ခုအင်တာနက်သုံးတဲ့ခါမှာလည်း အသုံးပြုတဲ့ပေါ်မူတည်ပြီး data(အချက်အလက်)အနည်းအများ မတူပါဘူး။ကော်အပိုင်းအစအနည်းအများကို ၁ခု၂ခုစသည်ဖြစ် ရေတွက်ခဲ့သလို ခုdata(အချက်အလက်)အနည်း အများကိုတော့ kb(ကီလိုဘိုက်) MB(မီဂါဘိုက်)စသည်ဖြင့် တိုင်းတာတွက်ချက်တာလေ။ ကိုယ်များများသုံးရင် data ပိုစားတော့ MBပိုတက်ပြီး ပိုက်ဆံပိုဖြတ်မှာပေါ့။ဟုတ်ပါပြီး….အချိန်နဲ့ဖြတ်တုန်းက ၁မိနစ် ၂/၄ကျပ် တိုင်းတာတော့  ဘယ်လောက်ကျပြီး ဘယ်လောက်ဖြတ်သွားတယ်ဆိုတာက လူတိုင်းထင်သာမြင်သာရှိပြီး နားလည်ပေမဲ့ ဒီလို MB နဲ့ကျတော့ ဘယ်လိုကြည့်ပြီး ဖြတ်တာလဲတဲ့။နည်းနည်းတော့ ခေါင်းစားမယ်နော်။ဒါပေမဲ့ ကျနော အတက်နိုင် ရှင်းပြပေးမှာပါ။နည်းနည်းလေးသာဂရုစိုက်ဖတ်ပေးပါ။(စာပြောတာနော်)….data unit ရဲ့ ပုံသေနည်းအရ  A ဆိုတဲ့အင်္ဂလိပ်စာလုံး 1024 ဟာ  1kb(1ကီလိုဘိုက်)နဲ့ ညီတယ်။1024kb(1024ကီလိုဘိုက်)ဟာ 1mb(1မီဂါဘိုက်) နဲ့ညီတယ်။ဒါကြောင့် viber မှာ အင်္ဂလိပ်စာလုံး 1024လုံး ကို အကြိမ်ပေါင်း 1024 ခါ ပို့လိုက်တဲ့အခါ ကျနော်တို့ data ပမာဏ 1mb သုံးတာနဲ့ တူတူပါဘဲ။ဒီလိုပါဘဲ…ကျနော်တို့အခြားသူထံမှ အင်္ဂလိပ်စာလုံး 1024လုံးကို အခါ1024 ခါ လက်ခံရရှိတဲ့အခါ မှာလဲ 1mb အသုံးပြုတာနဲ့တူပါတယ်။ဒါဆိုရင် 1mbကို သုံးလိုက်တဲ့ အတွက် ၆ကျပ်/၁၀ ဖြတ်ပြီးဗျာ။3MB လောက်        ရှိတဲ့ ပုံတစ်ပုံ (သို့) သီချင်းတစ်ပုဒ် ပို့မယ် ဒါမှ မဟုတ် လက်ခံ ရရှိမယ်ဆိုလည်း  3mb သုံးလိုက်တဲ့အတွက် 3mb စာ ဘေ ဖြတ် မှာပေါ့။အင်း…..ဒါဆိုသိပြီး 1mb ဆိုတာကိုတော့- ဒါပေမဲ့ ဘာလို့ ၁မိနစ်လေး fb ကြည့်လိုက်တာ ၁၆၀လောက်ကုန်တာကရော…????ဟုတ်ကဲ့ ဒါကဒီလိုရှိပါတယ်။မိတ်ဆွေရဲ့ ဖုန်း မှာ ထည့်ထားတဲ့ သတင်းစုံ ဆော့ဝဲက မိတ်ဆွေ မသိအောင်  auto သတင်းယူနေတာလေ။သတင်းမှာပါတဲ့ စာလုံးတွေ  သတင်းဓါတ်ပုံတွေပေါ်အောင် အင်တာနက်ပေါ်data တွေ ယူရတဲ့အတွက် mb တွေ အများ ကြီး ကုန်တော့ ခနလေးနဲ့ ဘေ အများကြီး ဖြတ်တာပေါ့။သတင်းဆော့ဝဲမှ မဟုတ်ပါဘူး။အင်တာနက် ကော်နရှင်လေး ရတာနဲ့ auto တန်းပြီး update လုပ်တဲ့  ဆော့ဝဲတွေလည်းရှိသေးတယ်လေးဗျာ။ကဲ 1mb အကြောင်းလဲ နားလည်ပြီး ဘာကြောင့် ဘေတအားဖြတ်တာလဲ သိလောက်ပြီးလို့ ယူဆလိုက်တော့မယ်နော်။ဒီတော့ ဘေကုန်နည်းအောင် ဘယ်ဘယ် လုပ်မှာလဲ။မေးခွန်းရှိခဲ့လို့ အဖြေထွက်ခဲ့သလို ပြသနာပေါ်လာတော့လည်း ဖြေရှင်းစရာနည်းလမ်းတစ်ခုခုတော့ ရှိမှာပေါ့။လွယ်ပါတယ် မိတ်ဆွေတို့ရဲ့ ဖုန်းထဲကို Data Usage Defender တို့လို့ ဆော့ဝဲတွေထဲပြီး ကိုယ်အသုံးပြုတဲ့ ဆော့ဝဲတွေလောက်ဘဲ network connection ဖွင့်ပေးထားခြင်းဖစ် ကုန်သက်သာအောင် လုပ်လို့ရပါသေးတယ်။ကျနော်ဆို viber ဘဲဖွင့်ပေးထားတာ တပတ်ကို ၁ထောင်လောက်ဘဲ ကုန်တာနော်။ ဒီလောက်ပါဘဲနော်….အချိန်ပိုင်းလိုက် ခံခြင်းစနစ်နဲ့ data အလိုက်ကောက်ခံခြင်း စနစ်တို့မှာ အားနည်းချက် အားသာချက် ကိုယ်စီရှိသေးတယ်နော်….အားနည်းချက်အားသာချက်တွေကိုယ်တော့ ကိုယ်ဘာသာကိုယ်စဉ်းစားကြည့်လိုက်တော့နော်….

zinyaw17 ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်

နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့


ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)

No comments:

Post a Comment