Hello World: Paoh Myanmar Mp3 Tag Editor.MM-v 1.0.0 (မြန်မာဗားရှင်း) Mp3 နောက်ခံပုံတွေမှာ မိမိတို့နှစ်သက်ရာပုံနဲ့အစားထိုးနည်း။လွယ်လွယ်လေးပါနော်။သုံးမယ့် Apk ကလည်း မြန်မာလိုလေးပါ။
Sunday, January 25, 2015
Paoh Myanmar Mp3 Tag Editor.MM-v 1.0.0 (မြန်မာဗားရှင်း) Mp3 နောက်ခံပုံတွေမှာ မိမိတို့နှစ်သက်ရာပုံနဲ့အစားထိုးနည်း။လွယ်လွယ်လေးပါနော်။သုံးမယ့် Apk ကလည်း မြန်မာလိုလေးပါ။
Pcloud ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
 For Unicode User
 ==========================
 ဒီနေ့တော့ Chat Box ကနေ ခနခနလာမေးကြတဲ့ Mp3 နောက်ခံပုံမှာ မိမိကြိုက်တဲ့ပုံနဲ့ အစားထိုးနည်းပါ။
လုပ်ဖို့အတွက် Paoh Myanmar Mp3 Tag Editor ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။တခြားလုပ်လို့ရတဲ့ Apk တွေလည်းအများကြီးရှိပါတယ်။ဒါပေမယ့် ကျွန်တော်ဒီကောင်လေးကို အကြိုက်ဆုံးမို့လို့ပါ။ပြီးတော့ အသုံးပြုရလွယ်အောင် ကျွန်တော်ကိုယ်တိုင်မြန်မာမူပြုလုပ်ထားပေးထားပါတယ်။မြန်မာလိုဆိုတော့ လူတိုင်းလုပ်တတ်မှာပါ။လွယ်လွယ်လေးပါ။မလုပ်တတ်ဘူးဆိုကတော့ အောက်မှာကြည့်ပြီး လုပ်ကြည့်ကြပါ။လုပ်တတ်သွားမှာပါ။အောက်မှာ စာနဲ့ပုံနဲ့ ရှင်းပြပေးထားပါတယ်။
အရင်ဆုံး  Paoh Myanmar Mp3 Tag Editor.MM-v 1.0.0 (မြန်မာဗားရှင်း)  ကိုဒေါင်းသွားလိုက်ပါ။
လင့်သုံးခုနဲ့တင်ပေးထားပါတယ်။ဒီနေရာမှာ ကျွန်တော်နည်းနည်းပြောပြချင်တာက တစ်ချို့လူတွေက ခုမှအင်တာနက်စသုံးတာဆိုုတော့ ဒေါင်းလို့မတတ်ကြဘူး။ကျွန်တော်တင်တဲ့လင့်တွေက Adf.ly ခံထားတတ်တော့ တချို့က Chat Box မှာရော Comment မှာရော အော်သွားကြတယ်။ဒေါင်းမရဘူးတဲ့ ဒေါင်းမရဘူးလို့ပြောတဲ့သူတွေ ကိုကွျွန်တော် နည်းနည်းပြောပြပါ့မယ်။ဒေါင်းမယ့်နေရာကို နှိပ်ပါ။ပြီးရင်တခြားဆိုဒ်ကိုရောက်သွားပါလိမ့်မယ်။ဒေါင်းဖို့ ဘတ်တံကျမလာပါသေးဘူး။၆ စက္ကန့်လောက်စောင့်လိုက်ပါ။ပြီးရင်ဆိုဒ်ရဲ့ညာဘက်အပေါ်ဒေါင့်နားလေးက Skip Ad ဆိုတဲ့အဝါရောင်စာသားလေးကို နှိပ်လိုက်ပါ။ဒါဆိုရင် ဒေါင်းဖို့ဘတ်တံကျလာပါလိမ့်မယ်။Ok နော် အဆင်ပြေပါစေ။
Pcloud ကနေဒေါင်းရန်
Mediafire ကနေဒေါင်းရန်
Dropbox ကနေဒေါင်းရန်
ကဲပြီးရင်လုပ်တတ်တဲ့သူတွေကတော့ လုပ်ပေတော့ မလုပ်တတ်ဘူးဆိုတဲ့သူတွေကတော့ အောက်ကပုံလေးတွေ ကြည့်ပြီးလုပ်လိုက်ကြပါ။ အဆင်ပြေပါစေ။
ဒေါင်းလို့ရလာတဲ့ apk ကိုဖွင့်လိုက်ပါ။
ပြီးရင် သီချင်း တစ်ပုဒ်ချင်းလုပ်မှာဆိုတော့ သီချင်း ကိုရွေးပေးပါ။အောက်ကပုံအတိုင်း
ပြီးရင် အဆိုတော်နာမည်အလိုက်တွေ့မြင်ရမှာပါ။သီချင်းနာမည်အလိုက်ထားမယ်ဆို
 အောက်ကပုံလေးအတိုင်းနှိပ်လိုက်ပါ။
ပြီးရင် အောက်ကပုံအတိုင်း
ပြီးရင် မိမိပြောင်းမယ့် သီးချင်အပုဒ်ကိုရွေးယူပါ။ကျွန်တော်ကတော့ ကိုရွှေထူးရဲ့ True Love ကိုပြောင်းပြမှာပါ။အောက်ကပုံအတိုင်း
အောက်ကပုံကိုကြည့်ပါ ခုကျွန်တော်ရွေးတဲ့သီချင်းက နဂိုကတည်းက နောက်ခံပုံမရှိလို့ပါ။မရှိတဲ့ အတွက်အောက်ကပုံလိုပြနေပါတယ်။ကြည့်လိုက်ပါ
တကယ်လို့ရှိပြီးသားဆို အောက်ကပုံလိုပါ
ကဲရှိရှိ မရှိရှိ အရေးမကြီးပါဘူး အကုန်ပြောင်းထည့်လို့ရပါတယ်။ပြောင်းဖို့အောက်ကပုံလို နှိပ်ပါ။
ပြီးရင် ဓာတ်ပုံထဲက ယူထည့်မှာဆိုတော့ အောက်ကလိုနှိပ်ပါ
ပြီးရင် မိမိထည့်မယ့်ပုံကိုရွေးနှိပ်ပါ.အောက်ကလိုပေါ့
ပြီးရင်အောက်ကပုံလိုတွေ့ရပါလိမ့်မယ်။ဒီနေရာမှာ ပုံပဲပြောင်းမယ်ဆိုရင်တော့ ရပါပြီ သိမ်းမယ် ဆိုတာကိုနှိပ်လို့ရပါပြီ။တကယ်လို့ အဆိုတော်နာမည်တွေ သီချင်းနာမည်တွေ အခွေနာမည်တွေပါထည့်မယ်ဆိုရင်တော့ အပေါ်ကိုထပ်ဆွဲတင်လိုက်ပါ။
 ပြီးရင်အောက်ကပုံလိုတွေ့ရပါလိမ့်မယ်
ပြီးရင်အောက်က ကျွန်တော်နမူနာလေးဖြည့်ပြထားပါတယ်။
ဖြည့်ပြီးရင် အပေါ်ကိုထပ်ဆွဲတင်ပါ။မဖြည့်ချင်တဲ့နေရာတွေကို ကျော်သွားလို့ရတယ်နော်။ထပ်ဖြည့်ချင်ဖြည့် မဖြည့်ချင်ရင် သိမ်းမယ်ပေါ့
ကဲအားလုံးပြီးသွားရင် သိမ်းမယ်ကိုနှိပ်ပါ.ပြီးရင်ခနစောင့်ပါ။ရပါပြီ
ကဲပြီးပါပြီ ဒါပေမယ့် တခါတည်းမပြောင်းသေးဘူးနော် ပြောင်းစေချင်ရင် သိမ်းမယ်နှိပ့်ပြီးခနစောင့် ပြီးရင် ဖုန်းကို Restart ချ ပြန်တက်လာရင် သီချင်းသွားဖွင့်ကြည့်လိုက်ပါ။အောက်မှာ စောနက ကျွန်တော်ဖြည့်ထားသမျှ ဖွင့်ကြည့်တာ ပုံရော နာမည်တွေရော
Restart မချချင်ရင်တော့ ဒီတိုင်းထားလိုက်ပါ။နောက်မှ သူ့အလိုလို ပြောင်းလာပါလိမ့်မယ်။ပြောင်း မပြောင်းသိချင်ရင် သီချင်းသွားဖွင့်ကြည့်လိုက်ပါ။သီချင်းဖွင့်ဖို့ မြန်မာလို Music Player အလန်းလေးလိုချင်ရင် ပေးထားတဲ့လင့်ကနေသွားလိုက်ပါ>>>>>>
             အားလုံးအဆင်ပြေကြပါစေ
                         ခွန်ထက်နိုင်(ပအိုဝ်း IT လူငယ်များ)
တင်သမျှ Facebook ကဖတ်ချင်ရင် ပအိုဝ်း IT လူငယ်များ Facebook page ကို Like လုပ်ပေးပါ။
Facebook မှာ နည်းပညာ အကြောင်းတွေ မေးမြန်းဖြေဆို မျှဝေကြဖို အဖွဲဝင်ဖြစ်ချင်ရင် Facebook Group ကို Join ထားပေးပါ။
zinyaw17 ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်
နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)
No comments:
Post a Comment