Hello World: Andriod ဖုန်း wifi လွှင့်နည်း

Sunday, November 9, 2014

Andriod ဖုန်း wifi လွှင့်နည်း

            ခုကျွန်တော်ပြောပြမှာကတော့ ကိုယ့် Andriod ဖုန်းကနေ WiFi ပြန်လွှင့်မယ်နည်းလေးပါ။ သိပြီးသားများကျော်ခွသွားကြပါ။မသိသေးသူတွေ အတွက်ပါ။
ကျွန်တော်အရင်လ က ဒီက သူငယ်ချင်းသုံးယောက်နဲ့ပေါင်းပြီး အင်တာနက် တစ်လ စမက်လိုက်တယ်ဗျာ ကျွန်တော်ဖုန်းကို စမက်လိုက်တယ်် Dtac ၃၉၉ ဘတ်တန်ပေါ့။ပြောတာတော့ ၃၉၉ ဘတ်ပါ တကယ်တမ်းပေးရတာက ၄၂၅ ဘတ်ပါ အခွန်ခတွေ ဘာတွေပါသေးတာကို။
အဲ့ဒါကို သုံးယောက်စုပြီး ကျွန်တော့်ဖုန်းကို စမက်လုပ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ဖုန်းကနေ သူတို့ကို WiFi ပြန်လွှင့်ပေးတယ်။ လိုင်းကတော့ ကောင်းပါတယ် ဒီတိုင်းတစ်ယောက်ထဲသုံးတာလဲ အတူတူပဲ သူတို့နှစ်ယောက်ကို ပြန်လွှင့်ပေးပြီး သုံးတာလဲ အတူတူပဲ။တွက်ချေကိုက်တာပေါ့ဗျာ တလကို ၄၂၅ ပဲကုန်တော့တယ် သုံးယောက်ကို။ တစ်ယောက်ချင်း စမက်လို့ကတော့ တစ်ယောက် ၄၂၅ သုံးယောက် ၁၂၇၅ ပေါ့ဗျာ။ ဒီလိုလုပ်လိုက်တော့ သုံးယောက် ပေါင်းမှ ၄၂၅ ပဲကုန်တော့တယ်။အင်တာနက်သုံးတာ ပိုက်ဆံ သိပ်မကုန်တော့ဘူးပေါ့ဗျာ။အရမ်းမိုက်တယ် ကျွန်တော်တော့ တော်တော် ကြိုက်သွားတယ်။ဒီလလည်း ပြန်စမက်မလို့ဟာကို ဖုန်းပျောက်သွားတယ်။ လုပ်ရတော့ဘူး။ သူငယ်ချင်းနှစ်ယောက်ကတော့ လုပ်နေကြပါတယ်။ ခုတောင်ကျွန်တော် သူတို့ဖုန်းနဲ့ သုံးနေတာပါ။ မြန်မာနိုင်ငံ က သူငယ်ချင်းတွေကတော့ လိုင်းကောင်းမကောင်း သိဘူးနော်။ ကျွန်တော် ထို်င်းက Dtac Sim နဲ့လုပ်တာတော့ လုံးဝအဆင်ပြေတယ်ဗျာ။ အာ့ကြောင့် သူငယ်ချင်းတွေလည်း အဆင်ပြေအောင်ပြန်ပြောပြပေးလိုက်တာပါ။သူက စမက်ထားတဲ့ ဖုန်းနဲ့တော့ သိပ်ဝေးဝေး နေလို့မရဘူးနော်။ အဝေးကြီးတော့ သူမလွှင့်နိုင်ဘူး။ ပြီးတော့သူ့ကို ကြိုက်တဲ့ နာမည်ပေးလို့ရတယ်။ တခြားလူတွေ သုံးလို့မရအောင်Password ပေးထားလို့ရတယ်။ ပိုက်ဆံ စိုက်တဲ့ သူကိုပဲ password ပြောပြပေါ့။ တကယ်လို့ တစ်ယောက်ယောက်က password ကိုသိသွားရင် အချိန်မရွေး ပြန်ပြောင်းလို့ရပါတယ်။ သင်ရဲ့ Wifi ကို လူဘယ်နှယောက် သုံးလဲ ဆိုတာ သင့်ရဲ့ Noti Bar မှာ ပြပေးထားတယ်ဗျာ။ ဘယ်လောက်မိုက်သလဲနော်။ စိတ်ဝင်စားလို့ လုပ်ချင်တယ် ဆိုရင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်။ ဘာဆော့ဝဲမှ မလိုပါဘူး။


တခြားလူတွေအတွက် Share ပေးလိုက်ကြဦးနော်>>>>>>>>>>>>>>>>>>

>အောက်ကပုံလေးတွေကြည့်ပြီးလိုက်လုပ်ကြပေတော့


ခွန်ထက်နိုင်


                                





    အဆင်ပြေပါစေ
ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)

ကျွန်တော်တို့ ပအိုဝ်း IT လူငယ်များ(Paoh IT Youth) ဘလော့နှင့် ပေ့စ်ကတင််သမျှကို Offline ဖတ်ရူ့နိုင်အောင် App လေးတစ်ခုလုပ်ပြီး Play Store မှာတင်ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတွေဝင်ပေးကြပါဦး အားလုံးကို ကျေးဇူးတင်ပါတယ်။ပေးထားတဲ့လင့်ကနေသွားရောက်ဒေါင်းယူပေးကြပါနော်.......
https://play.google.com/store/apps/details?id=com.paoh.it.youth

တင်သမျှ Facebook ပေါ်ကဖတ်ဖို့ ပအိုဝ်း IT လူငယ်များပေ့စ်ကို Like လုပ်ထားပေးပါ။

အောက်ကနေရာတွေမှာလည်း လာရောက်အကူညီတောင်းယူနိုင်ပါတယ်။
သိသမျှ တတ်သမျှလည်း မျှဝေနိုင်ပါတယ်။

နည်းပညာအကြောင်းတွေမေးမြန်းဖြေဆိုမျှဝေကြဖို့ ပအိုဝ်း IT လူငယ်များ Group ကို Join ထားပေးပါ။

Unicode အသုံးပြုချင်သူများနှင့်အသုံးပြုနေသူများ
Myanmar Unicode Area နှင့်
Myanmar PaOh Unicode Area ကို
Join ထားလိုက်ပါ။

No comments:

Post a Comment